Aungla : Tial Thang Nih 100% A Tei Lai Ka Zumh, A Sinain Korea Pa A Thawngdeuh

Aungla: Tial Thang Nih 100% In A Tei Lai Ka Zumh

===================================

December 6 nii ah Malaysia ram ah ONE Championship: MARK OF GREATNESS ai thongh ding mi Chinpa Tial Cung Thang le KIM
WOON KYOUM cu Chinpa Tial Cung Thang nih 100% in a tei hrimhrim lai ka zumh tiah a chim.

Tial Thang cu Aungla sinah thla hnih chung traning a tuah i ground fighting le Stand-up fighting timi phun hnih ning tein tha tein a thiam cikcek. A Sinain Korea pa hi Tial Thang nakin a thawng deuh i a zei poah in a thiam deuh tiah a chim fawn. A sinain ground fighting le Stand-up fighting timi phun hnih in Tial Thang nih a tei hrimhrim lai ti ka zumh tiah a chim i, Tial Thang nih Myanmar mi n8h thazang rak pek cio ding zong forhfialnak a tuah fawn.

ပြိုင်ဘက်ကို တီရယ်ထန် အနိုင်ရမယ်လို့ အောင်လအန်ဆန် ရာနှုန်းပြည့်ယုံကြည်
===========================================
ဒီဇင်ဘာလ(၆)ရက်နေ့၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာကျင်းပမယ့် ONE Championship: MARK OF GREATNESS ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ချင်းတိုင်းရင်းသား တီရယ်ထန်အနေနဲ့ ပြိုင်ဘက် တောင်ကိုရီးယားဖိုက်တာ KIM
WOON KYOUM ကို အနိုင်ရသွားမယ်လို့ မြန်မာ့ဂုဏ်ဆောင်ဝမ်းချန်ပီယံရှစ်ဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ရာနှုန်းပြည့်ယုံကြည်နေပါတယ်။ တီရယ်ထန်ဟာ ground fighting နဲ့ Stand-up fighting နှစ်မျိုးစလုံးကောင်းပေမယ့် ပြိုင်ဘက်က သူ့ထက်ပိုအားကြီးပြီး အားလုံးဘက်မှာ ပိုကျွမ်းကျင်တယ်လို့ အောင်လအန်ဆန်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တီရယ်ထန်အနေနဲ့ သူလုပ်ရမှာကိုလုပ်နိုင်မယ်ဆိုရင် ပြိုင်ဘက်ကို ရာနှုန်းပြည့်အနိုင်ရမယ်လို့ အောင်လအန်ဆန်က ယုံကြည်နေတာပါ။

အောက်လအန်ဆန်ဟာ နောက်တစ်ပတ်မှာ လက်ဒဏ်ရာကျောက်ပတ်တီးဖြည်လို့ရမှာဖြစ်ပြီး စတင်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ လာမယ့်မတ်လလောက်မှာ ချန်ပီယံကာကွယ်ပွဲထိုးသတ်နိုင်မယ်လို့ ယုံကြည်နေပြီး ပြိုင်ဘက်ကိုမသိရသေးပေမယ့် သူနဲ့ထိုးသတ်နိုင်တဲ့ ပြိုင်ဘက် တစ်ယောက်၊ နှစ်ယောက်လောက်ရှိတယ်လို့ အောင်လအန်ဆန်က ယုံကြည်နေပါတယ်။ ဆက်လက်ပြီး အောင်လအန်ဆန် က သူ့ကိုအားပေးတဲ့ပရိသတ်တွေကို ကျေးဇူတင်တယ်လို့ ပြောကြားခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကြောင့် အခုလို အောင်မြင်တာလို့ ဆိုပါတယ်။ ဒီဇင်ဘာလ(၆)ရက်နေ့မှာ ထိုးသတ်မယ့် တီရယ်ထန်ကိုလည်း အားပေးဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်ဟာ သူ့အတွက် အကောင်းဆုံးနှစ်ဖြစ်လာမယ်လို့ ယုံကြည်သလို အားလုံးအတွက် အကောင်းဆုံးနှစ်ဖြစ်လာဖို့လည်း အောင်လအန်ဆန်က ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။

Zawgyi

===========================================